See my photos and favorite places
|
|
ကျွန်တော်တို့ကဗျာများအား WWW.PEMSKOOL.ORG တွင် ပြောင်းလဲ ရေးသားနေပါ၍ ယခု ဘလော့ဂ်တွင် ဆက်လက်ရေးသားတော့မည်မဟုတ်ကြောင်း
PEM sKoOL
www.pemskool.org
pem-skool@googlegroups.com
result from the constant revolution
around and tilt of the opposites
changes in the intensity
variations to be dormant
usually intimate and sexual
depending on the culture
acknowledged in a variety of ways
interim matrimony
non-nuclear unit
limerent bond
coupling with adultery
hybrid and deviated
between propinquity and vacancy chain
recreation rather than reproduction
no prejudice nor fear peeks above the horizon.
-th
တစ်ယောက်တည်း အခန်းအောင်းနေတတ်တာက
အရေးကြီးတာ တစ်ခုခုမဟုတ်တာ သေချာတယ်
ဘာလုပ်နေတာလဲတော့ မသိပါဘူး
မကောင်းဘူးလို့ ဆိုလိုတာလား
ဒါကြောင့် ဒုက္ခရောက်နေတာ ဖြစ်မယ်
ဘာလုပ်ချင်တာလဲဆိုတာ သိလာတဲ့အထိ
အခွင့်အရေး ဆုံးရှူံးခဲ့တာ
အပြင်မထွက်ဘူး
ကျောင်းမသွားဘူး
အလုပ်အကိုင်မရှိဘူး
မိတ်ဆွေမရှိဘူး
မရယ်ပါနဲ့
ဒါ အတွင်းကျိတ်ပုန်ကန်မှု
ဂီတက အများကြီးအထောက်အကူပြုတယ်
သူတို့တွေက အတိမ်အနက်ကို မသိကြဘူး
အထူအပါးနားမလည်ကြဘူး
ဘယ်အရွယ်ရောက်ရောက် လေယာဉ်ပျံလုပ်တိုင်း ကစားခိုင်းနေတာပဲ
တစ်နေ့တစ်ခြား ကွာဟလာတာကို ပေးစရာ နာမည်မရှိဘူး
ဦးနှောက်နဲ့ နှလုံးသားထဲ ညစ်ညမ်းမှုများ ကွယ်ပျောက်ရေးအစီအစဉ်
ဘယ်တော့မှမဖတ်ဘူး၊ လုံးခြေလွှင့်ပစ်လိုက်တာပဲ
အတိတ်ကာလ မျဉ်းဖြောင့်များ ဝေးကွာဝေဝါးလာတဲ့ သဘောမျိုး
ချွန်ထွက်နေတဲ့သံစဟာ တူနဲ့ ထုနှက်ခံရတော့တာပေါ့
ပင်မရေစီးနဲ့ အံမဝင်တော့ကာ ဆွံ့အတိတ်ဆိတ်စွာ
တံခါးတစ်ချပ်ခြားပဲ ဆက်သွယ်ကြတာပေါ့
ဝင်ပေါက်နဲ့ ထွက်ပေါက်ဟာ
စာရင်းသွင်းဖို့ အဆင်သင့်မဖြစ်သေးဘူး
နေထိုင်မှုနာရီပုံစံမတူတဲ့အခါ ပိုမိုလွတ်လပ်သလိုပေါ့
သိပ်နောက်ကျချင်လည်း ကျနေလောက်တဲ့ နာမကျန်းမှုတစ်ခု။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ ဂျွန်လ ၃ဝရက်
--
လင်းရမ္မာ
PEM SkOoL
ဝေးးးး ဒီလိုဆိုတော့လည်း,
အလွယ်သားပဲ သူ့ကို ဘယ်နေရာ ထားပေးမလဲ မလွယ်တဲ့ ကိစ္စဟာ အဲဒါ မ
ဟုတ်လား www dot pemskool dot org ဆိုတော့ သူ ဘယ် သူ လဲ ဘယ် သိ မ လဲ
လိုချင်တာ နေရာ လား အချိန် လား ဒေသ လား လိုချင်တာ လား
ယမန်နေ့န့လည် ၁၁ နာရီ ခန့် က အဖ ဘုရားသခင် ကျေးဇူးတော် ကြောင့် 99 တစ်လိပ် သောက် ခဲ့ရ
သည် က လူ အ က အီမို လား သတ္တုလား ဆိုတော့ကာ Metal ပေါ့ အီမိုး အီမိုး အီမိုး အိုးးးး အာမင် င် င်
သောက် မယ် စိမ် မယ် ဇိမ် ကျ လိုက် ပုံက
ကိုး (ဟိုး) ရဲ့ သရသံကို သိုးထိန်းရဲ့ သူမ ပတ်လမ်းကြောင်းထဲက လ မှာ သွား သွား လွှတ် ပေး
ထား လိုက်ပါတော့
Army Rum အာမီရမ် Ae! အေ့! Vodka ဗော်လ်ကာ အေ့း! Eh! . . . This Time For Alcohol . . .
C.M တွေမှာ တွေ့ရတတ်တဲ့ စ ကား ပျက် များ
လိုက် ဆိုကြည့်ပါလား ဝေးးးး
ပျော် စရာ ပါ Enter ခေါက်ကြည့်ပါလား ဝေးးးး
-th
best the all
too ideas better have might ah nyo and rammar
just my thoughts par
နောက် ဆုံး ရှင် ကျွန်မ ကို ထင်ရှားစေခဲ့တာ B တစ်လုံး တည်းနဲ့
Bold လုပ်သွားတာ မဟုတ်ဘူး မဟုတ်လား မဟုတ် ပါဘူး
မဟုတ်ဘူး မဟုတ်ဘူး ငြင်းနေတာမဟုတ်ဘူး မဟုတ် တာကို မဟုတ်တာပါလို့
ဆိုနေတာ
မဟုတ်ဘူးမဟုတ်လား ဟုတ်တယ်နော်
.. စောက်ပေါ.. ဘာမှလည်းမဆိုင်ဘူး.. စောက်ရှက်မရှိပေါရဲ တယ်. ... ဒါ ကဗျာ မဟုတ်ဘူး
•*•*• ¸(¯`'• ¸Please Add Me¸ •'´¯)¸ •*•*••*•*• ¸(¯`'• ¸Get At Me ¸ •'´¯)¸ •*•*•
"Nah, I'm out of practice!"
CTFD ဂျွန်လရဲ့ စကားလုံးတစ်ခု အဖြစ် ယူဆ နိုင်တယ်
ခရက်ဒစ် မပေးတာတုံး
Ref: အင်တာနက် အဲဒါကို ခင်ဗျားတွေ့ဖူးတဲ့နေရာ
ဆက်ဆံရေးမှာ နေရာလွတ်မကျန်တော့ပြီ။ မြင်မြင်သမျှက စိမ်းနေတာတွေချည်း။ ခြင်နိုင်ဆေးဖြန်းရန်ပင် ကျွန်တော်လက်တွန့်မိပါသည်။ အလုံအလောက် ရှိနေသည်က ခင်ဗျား မထိတွေ့သေးဖူးသော အရာများပင်။ ဓနိရည်၊ ဓနိမိုးအိမ်၊ ထန်းရည်၊ ထန်းလုံးခံတပ်၊ မျှစ်၊ ထရံကာအိမ်၊ ၀ါးလုံးများဖြင့်… ထားပါတော့။ တစ်ခါတစ်လေများ အမှိုက်ပုံး မတွေ့မိလို့တောင် စိတ်အနှောက်အယှက် မဖြစ်တတ်ကြတော့ဘူး။ အရိုးကျ အသားဆွေး နေတာ ကြာပေပေါ့။ ခွဲဝေသုံးစွဲရေး ဟာ အိမ်ထောင်တစ်ခုတွင် … … ဟု အတည်ပြုလိုက်သော အခါ။ ရေသန့်တစ်ဗူးဖောက် ရေတစ်ငုံ သောက်လိုက်တယ်။ ဒါ အိပ်မက်ဆိုးပဲ ဖြစ်ရမယ်။ ရေသောက်လိုက်ရသလား။ ဒါ မဟုတ်သေးဘူး။ နေရောင်ကို တွေ့ပေမယ့် နေကိုမတွေ့ဘူး။ အဲဒီလို မရေးချင်ပေမယ့် အစီခံထည့်ဖို့ ပြာခွက် မရှိနိုင်သေးဘူး။ ခင်ဗျားမှာ လောလောဆယ် ဘာရှိနေသလဲ။ ကိုယ်ဖြန့်ကြည့်၊ ခေါင်းဖြန့်ကြည့်၊ ပတ်ဝန်းကျင်ကိုလည်း ဖြန့်ကြည့်လိုက်ပါဦး။
သူက McDonal’s စားပြီးကဗျာရေးတယ်။
သူက ထမင်းကျန် ဟင်းကျန်စားပြီး ကဗျာရေးတယ်။
သူကတော့ အစာအငတ်ခံပြီး ကဗျာရေးတယ်တဲ့ဗျ။
နေရာဒေသ ကွဲပြားတယ်။ မြစ်ရဲ့တစ်ဖက်ကမ်း မှာဘာတွေရှိသလဲ မဆိုထားပါနဲ့၊ ကျွန်တော့်ရဲ့ ရင်းနှီးလှစွာသော သူမမျက်နှာကိုပင် သေချာစွာမမြင်ဖူးသေး။ ထူးမခြားနား အထူးကားပေါ်မှာ အမှတ်တမဲ့ကြည့်တော့ သူလေလော ကိုယ်လေလော တွေချည်းကလား။
တချို့က ဆွံ့အတယ်။
။ တုံးအတယ်။
။ နားမကြားဘူး။
။ ကွန်မြူနစ်တဲ့။
။ လစ်ဘရယ်တဲ့။
။ ရေမြေရာသီနဲ့ မကိုက်ညီပါဘူး ဆိုပဲ။
။ သိစိတ်ဆို မရှိသလောက်ရှားလို့။
။ ဖုန်းနဲ့ပြဿနာတက်နေကြတယ်။
။ ဖုန်း ဆိုတာတောင် ဘာဖြစ်မှန်း မသိလိုက်ကြတော့ဘူး။
အာရုံစိုက်မှုတွေကို ဖြတ်၊ဖြတ် ထားခဲ့ရလိုက် ပြန်၊ပြန် ကောက်ချိတ်ရလိုက်နဲ့။ ကြားကလမှာ ကျွန်တော်ဟာ မိသားစုနဲ့ ဝေးကွာနေခဲ့ရပါတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်က
နည်းပညာ မပြည့်စုံမှုကို အကြောင်းပြနေတဲ့ ခပ်ညံ့ညံ့ ဗီဒီယိုဇာတ်ကားတစ်ခုလို…၊
ကိုယ်ပွားတွေ အများကြီးခွဲထားပါကလား ဆိုတဲ့ အပေါစား စကားသံ တစ်ခုလို…၊
မျက်နှာဖုံးစွပ်ထားတဲ့ ဒဿမှန်း ရာမမှန်း မကွဲတဲ့ ဇာတ်ကောင်တစ်ယောက်လို…၊
ဘာမှဖြစ်ဖို့မလိုသလို သိဖို့ပင်မလိုသည့် ၀တ္ထုဖြစ်ကြောင်း အာမခံပေးနေသလို…၊
ဒုတိယကမ္ဘာစစ်အတွင်းက စစ်တောင်းတံတားပေါ် ခွထိုင်ပြီး လက်ခုပ်သြဘာ ချီးမြှင့်ခဲ့သေးသလို…၊
အာကသ စစ်မျက်နှာကနေ ပြန်လည်ခေါ်ယူ တရားစွဲခံလိုက်ရသလို…၊
သူရေးနေတဲ့ စကားလုံးတွေကို ပြန်လည်ပြောပြနေရတဲ့ အသံတစ်ခုလို…။ နဲ့။ ပျံ့နှံ့သွားတဲ့ ဆင်းရဲမွဲတေမှုဟာ ကျူးကျော်ရပ်ကွက် အဖြစ် ကြေငြာခံလိုက်ရသည် (ယနေ့ပါ ဤကဗျာထဲ၌)။ ယင်ကောင်တွေဟာ ငယ်သံပါအောင် အော်ကြဟစ်ကြနဲ့။ ပလပ်စတစ်တွေ ဖို့ပစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်သွားတယ်။ တဆက်တည်းမှာပဲ ခင်ဗျားကို ထရံကာ ထရပ်ကားတစ်စင်းက တရကြမ်းဝင်ဆောင့်သွားတယ်။ စပါယ်ယာတွေရဲ့ အော်ဟစ်ကြိမ်းမောင်းမှုကို မခံကြရတော့ဘူး။ ရေသန့်တစ်ဗူးဖောက် ရေတစ်ငုံ သောက်လိုက်တယ်။ ဆန့်ကျင်ဘက် စကားလုံးတွေ ဝေ့ဆင်းလာတယ်။ ပလိတ်ပြားတွေ ပြတ်ရွေ့မှုကြောင့် မကောင်းဆိုးဝါးတွေ မြေမြိုသွားတယ်။
ပြန်လည်သုံးသပ်ချက်။ ။ မြေပြင်ပေါ်တွင် ရှိနေခဲ့ကြသလား။
Dr. Jack Kevorkian @ Dr. Death ပြောတာက "Dying is not a Crime" တဲ့။ နောက်ရှိသေးတယ်… အများကြီးပဲ။ (လူနာရဲ့ နာကျင်ခံစားမှုကို ဘာမှမတတ်နိုင်ပဲ ဒီအတိုင်းထိုင်မကြည့်နေနိုင်ဘူး) တဲ့လေ။ တစ်ခု တစ်ကောင် တစ်ယောက် ဟာ ဥပဒေဝေါဟာရ ဖြစ်သည် ဆိုကြပါစို့ရဲ့။ အမှန်၊အမှား ဆုံးဖြတ်ချင်စိတ် ခင်ဗျားမှာ ရှိနေပါသလား။ စကားပြော မှားသွားတဲ့ ဂျာမနီသမ္မတ Mr Koehler တစ်ယောက် ရာထူးမှ နှုတ်ထွက်သွားလေရဲ့။ သူဘယ်လိုမှားသွားတာလဲ။ သူဘာပြောမိတာလဲ။ အသေးစိတ်သိချင်လျှင် ရှာဖတ်ကြည့်ပါ။ ဒီလိုနဲ့ ဒီ လို ကြား တိရိစ္ဆာန်အုပ်ကြီးက လျော့မသွားဘူး။ မှတ်တိုင်ဆိုတာ မရှိပဲ။ နောက်တစ်လိုင်း။ ရှေ့တစ်လိုင်း။ ကြားလိုင်း။ နိုင်ငံရပ်ခြားမှ အာဖရိက နွားနောက်များ။ အာရှဆင်များ။ အာရှကျားများ။ ၀င်ရိုးတန်း မိစ္ဆာများ။ ဒရက်ကူလာများ။ လိုင်ကန်များ။ ရုပ်စွအဆုံး… Super Man, Iron Man, X-Men, Cat Woman, Spider Man, Bat Man, တရုတ်ပြည်မှာ မနှစ်က ၀င်ငွေစံချိန်ချိုးသွားတာက Transformer ယခုတော့ Avatar.